အမေဂျမ်းနှင့် ဆွမ်းအလှူ
by Shanti on 16th Jun 2009 | View all blogs by Shanti
အမေဂျမ်း နတ်နန်း
လွတ်လပ်စွာ ကိုးကွယ်ခွင့်ရနေသည့် စာရေးသူတို့ နိုင်ငံ၌ အမေဂျမ်း နတ်သည် ထင်ရှားကျော်ကြားလှ၏။ အနယ်နယ်အရပ်ရပ်၌ နတ်ကန္နားပွဲ ပေးလျှင် အမေဂျမ်းနတ်ကို မဖြစ်မနေ ထည့်သွင်းကလေ့ ရှိ၏။ စင်စစ် အမေဂျမ်း နတ်သည် (၃၇) မင်း နတ်စာရင်းတွင် ပါဝင်ခြင်း မရှိ။ သို့သော်လည်း တံတားဦးနယ် ၊ ကျောက်ဆည်နယ်။ အမရပူရနယ်တို့တွင် အမေဂျမ်းနတ်သည် ရေပန်းစားလှ၏။ ယုံကြည်စွာ ကိုးကွယ်ပူဇော်ပူသကြ၏။
တံတားဦးနယ်၊ ကန်ချောအုပ်စု၊ အေးကြည်ကုန်း ရွာတွင် အမေဂျမ်းနတ်နန်းရှိ၏။ နှစ်စဉ် အဆိုပါ နတ်နန်း၌ နယုန်လပြည့်ကျော် (၁၃) ရက်၊ (၁၄) ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ နတ်ကန္နားပွဲ ပေး ပြီး အမေဂျမ်းတောင်တက်ပွဲ ကိုပါ ကျင်းပလေ့ ရှိကြ၏။ အမေဂျမ် နတ်နန်း တည်ရှိသော အေးကြည်ကုန်းရွာသည် တံတားဦးနှင့် ကျောက်ဆည်သွား မော်တော် ကားလမ်းဘေးတွင် ရှိပြီး တံတားဦးနှင့်ဆိုလျှင် (၈)မိုင်ခန့် အကွာတွင် တည်ရှိသည်။
အမေဂျမ်း၏ နောက်ကြောင်း
အမေဂျမ်း၏ ဇာတိမှာ ရွှေတောင်ရွာဖြစ်၏။ ဖခင်မှာ ရွှေတောင်ရွာသူကြီး ဖြစ်ပြီး သမီးသုံးဦး ထွန်းကား၏။ အမေဂျမ်းဖြစ်လာမည့် မချမ်းသာမှာ သမီးလတ်ဖြစ်ပြီး အစ်မမှာ မလုံးပြည့်၊ ညီမမှာ မပြည့်သာ တို့ ဖြစ်ကြသည်။
မချမ်းသာ အရွယ်ရောက်လာသော အခါ အင်းဝမှ သူခိုးကြီး ငတက်ပြားခေါ် ကိုတက်ခါးနှင့် စုံမက်မိကြ
။ ဖခင်က သူခိုးနှင့် စုံမက်ရပါ့မလား ဟု သဘောမတူ သဖြင့် စွန့် ပစ်ခြင်းခံရလေ၏။ လင်တော်မောင် ကိုတက်ခါးမှာ ထန်းရည်ကို ခုံမင်သူ ဖြစ်၏။ လင်တော်မောင် အကြိုက် မချမ်းသာလည်း ထန်းရည်ကို ရှာ၍ ပါရမီ ဖြည့်ရ၏။ အနီးအနားမှ မရလျှင် စမုံမြစ်ရိုးအထိ သွားရောက်ရှာဖွေပေးရ၏။ ထိုသို့ ထန်းရည်ရှာရင်း သူမပါ ထန်းရည်ကို မြည်းစမ်းကြည့်ရာမှ ထန်းရည်၏ အရသာကို နှစ်သက်စွဲလမ်းလာတော့၏။
ထန်းရည်မူးလာလျှင် မချမ်းသာသည် ညင်ညင်သာသာ မရှိတော့ဘဲ သွေူးဆိုးလာ၏။ စကားကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတတ်လာ၏။ ညစ်ညမ်းစွာ ဆဲရေးတတ်လာ၏။ အာကြမ်း၊ လျှာကြမ်း၊ စိတ်ကြမ်း ဖြစ်လာသည့်အတွက် မူလ အမည်နာမဖြစ်သော မချမ်းသာ အမည်ပျောက်လျက် မကြမ်းသာ၊ မဂျမ်း၊ အမေဂျမ်း ဖြစ်လာခဲ့တော့၏။
တစ်နေ့ လင်တော်မောင် အတွက် စမုံဖြစ်ရိုးမှ ထန်းရည်အိုးရွက်လာစဉ် လမ်းခရီး၌ အင်းဝဘုရင် တပ်များနှင့် ဆုံသည်။ ထန်းရည်ကလေး ခပ်ထွေထွေနှင့်ဆိုတော့ အမေဂျမ်းလည်း သူမ၏ ၀သီအတိုင်း ပြေပြေပြစ်ပြစ် စကားမဆိုဘဲ ရုန့်၇င်းကြမ်းတမ်းစွာ ဆဲဆိုသဖြင့် ဓားထက်သော ဘုရင့် တပ်များက ကွပ်မျက်လိုက်ကြရာ နတ်ဖြစ်သွားသည်ဟု ဆို၏။ အခြား အကြောင်း အရာတစ်ခုကလည်း အမေဂျမ်းသည် အင်းဝရှိ လင်တော်မောင်ကိုတက်ခါးထံလိုက်သွားသည် ဆို၏။ လိုက်သွားရခြင်း အကြောင်းမှာ လင်တော်မောင်ကိုတက်ခါးသည် အင်းဝဘုရင်၏ သူကောင်းပြုမှု ကြောင့် အင်းဝ၌ နောက်အိမ်ထောင်နှင့် ဖြစ်နေပြီး ရွာရှိ မယားဟောင်းထံ ရောက်မလာသည့်အတွက် အမေဂျမ်းမှ အင်းဝ သို့ လိုက်အသွား အင်းဝ မြို့ တံခါး အ၀င်တွင် တံခါးမှူးများနှင့် ဆုံလေ၏။ ဤတွင် ထန်းရည်အိုးရွက်လာသော အမေဂျမ်းအား တာဝန်အရ စစ်ဆေးမေးမြန်းကြ၏။ ထုံးစံ အတိုင်းပင် ၀သီလိုဖြစ်နေသော အမေဂျမ်းသည် ချေငံစွာ မပြောဘဲ ၇ုန့်ရင်းကြမ်းတမ်းစွာ ဆဲရေး တိုင်းထွာ သဖြင့် ဖမ်းဆီး ချုပ်နှောင်လိုက်ကြ၏။ ဘုရင့် ရှေ့တော်မှောက်ခေါ်ငင်ရာ လမ်းခရီး၌ ဆဲရေး တိုင်းထွာပြန်သဖြင့် ဒေါသအလျောက် ထန်းပလပ်ဖြင့် ရိုက်မိရာမှ လက်လွန်သွားပြီး ခန္ဓာစဲလျက် နတ်ဖြစ်သွားသည်ဟု မှတ်သားရ၏။
အမေဂျမ်း နတ်ပွဲ
နတ်တကာနတ်တို့ အနက် အမေဂျမ်းနတ်မှာ အပြောကြမ်း၊ အဆဲကြမ်း ၊ နှုတ်ကြမ်း ၊ အာကြမ်းလှ၏။ စီးပွားရေး လုပ်ကိုင်သူများမှာ အမေဂျမ်းနတ်ကို ပူဇော်ကြရာတွင် အမေဂျမ်း နတ်ဝင်သည်၏ နှုတ်မှ အညစ်ညမ်းဆုံး ဆဲဆိုကြမ်းတမ်းလေ စီးပွား လာဘ်လာဘတိုးတက်လေဟု ယုံကြည်ကြ၏။
အမေဂျမ်း နတ်နန်းရှိရာ အေးကြည်ကုန်းရွာ၌ အမေဂျမ်း နတ်ပွဲ ကျင်းပချိန်ရောက်လျှင် တိုးမပေါက်နိုင်လောက်အောင် ကြိတ်ကြိတ်တိုး စည်ကားလှ၏။ ပွဲတော်ရက် မကျင်းပမီ ကြိုတင်၍ နတ်တက် နတ်ဆက်သူများပင်ရှိ၏။ အဆိုပါနတ်နန်းရှိရာသို့ ရပ်ဝေးဒေသများဖြစ်သော ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းတို့မှပင် နတ်ကိုးကွယ်ယုံကြည်သူများ ရောက်ရှိလာတတ်ကြ၏။ အကြီး အကျယ် နတ်ကန္နားပေးကြ၏။ ပွဲတော်ရက်ဖြစ်သောလပြည့်ကျော် (၁၃) ရက်နေ့တွင် အေးကြည်ကုန်းကျေးရွာ နတ်နန်း၌ အမေဂျမ်းချော့ပွဲကို စည်ကားစွာ ကျင်းပကြ၏။
နတ်ချော့ရက်များ၌ ကန္နားများကိုး ကန်ချော အုပ်စုအပိုင် ကျေးရွာများ ဖြစ်ကြသည့် ဘုရားကြီးကုန်းရွုာ၊ ဥမင်ရွာ၊ အိမ်ကန်ရွာတို့ တွင်ပါ နတ်ကန္နားပေးပွဲများကို တပြိုင်နက် ကျင်းပကြ၏။ သို့သော် အစည်ကားဆုံးမှာ မူလဘူတ ဖြစ်သည့် အေးကြည်ကုန်းကျေးရွာပင်ဖြစ်သည်။
အမေဂျမ်းနှင့် ဆွမ်းလောင်းလှူပွဲ
အမေဂျမ်းနတ်ပွဲ ကျင်းပချိန်၌ ထူးခြားသော ပွဲတစ်ပွဲလည်း ပါဝင်၏။ ထိုပွဲကား ဆွမ်းလောင်းလှူပွဲပင် ဖြစ်သည်။ အကြီး အကျယ်လည်း ကျင်းပကြသည်။ အမေဂျမ်းနတ်ကို တောင်စောင့်နတ်ဟု ယုံကြည်သူတွေလည်း ရှိကြသည်။ ယုံကြည်သည့် အလျောက် အေးကြည်ကုန်း ရွာနှုင့် တစ်မိုင်ခန့် အကွာရှိ အမေဂျမ်းတောင်၌ ဆွမ်းလောင်းလှူကြခြင်း ဖြစ်သည်။ ဆွမ်းလောင်းလှူသည့် အမေဂျမ်းတောင်မှာ တံတားဦး-ကျောက်ဆည် သွား လမ်းနဘေးတွင် တည်ရှိသည်။
အမေဂျမ်းတောင်တက်ပွဲကို နယုန်လပြည့်ကျော် ၁၄ ရက်နေ့တွင် မနက် အစောပိုင်း (၃) နာရီ (၄) နာရီ ကပင် စတင် ပြုလုပ်ကြသည်။ ဆွမ်းလောင်းပွဲ ကျင်းပရာ အမေဂျမ်းတောင်သို့ အနီးအပါး ကျေးရွာရှိ သံဃာတော်များ၊ သီလရှင်များ အလှူခံ ပုဂ္ဂိုလ်များ လာရောက် အလှူခံကြသည်။ အလှူခံ ပုဂ္ဂိုလ်တို့သည် နယုန်လပြည့်ကျော် (၁၃) ရက် ညနေ ကပင် ကြိုတင်ရောက်ရှိနေကြ၏။ ကန်ချော အုပ်စုတွင် ပါသော ဘုရားကြီးကုန်း၊ ရှားပင်၊ အေးကြည်ကုန်း၊ ကန်ချောနှင့် ဥမင်ရွာ တို့မှ ရွာသူရွာသားအပေါင်းတို့ သည် လှူဖွယ် ၀တ္ထု အစုစု တို့ကို ဆောင်ယူလျက် မနက်စောစောပင် တောင်ပေါ်သို့သွားရောက်ကြကာ အလှူခံ ပုဂ္ဂိုလ်တို့အား လောင်းလှူကြ၏။ ရပ်နီး ရပ်ဝေးမှ ခြေလ်ျငလာကြသူ၊ ယာဉ်အမျိုးမျိုးနှင့် လာကြသူတို့မှာလည်း အများအပြား။
ထိုရက်ရောက်လျှင်ဖြင့် အမေဂျမ်း တောင်သည် တိုးမပေါက်အောင် ကြက်ပျံမကျ စည်ကားလှ၏။ အလှူငွေများ၊ မုန့် ပဲ သွားရည်စာများ၊ ဆပ်ပြာ၊ သွားတိုက်ဆေး စသည်တို့ကို လောင်းလှူကြသည်။ အလှူခံ ပုဂ္ဂိုလ် အင်အားမှာ မနည်းလှ။ တစ်နှစ် တစ်နှစ် အရေ အတွက် ၅၀၀ အောက် မလျော့။
အမေဂျမ်းနတ်ပွဲနှင့် ဆွမ်းလောင်းလှူပွဲကား နှစ်စဉ်မပျက်။
နတ်ယုံကြည်မှု ၊ ရိုးရာ အစွဲအလမ်း ရှိသူတို့ မှာ လျော့မသွား၊ လောကီရေးရာ ကြီးပွားတိုးတက်ကြောင်း အတွက် ကိုးကွယ် ပူဇော်ပ သ သူတို့မှာ နှစ်စဉ်တိုး၍ စည်ကားနေကြစမြဲ။ လောကီနှင့် စပ်လျဉ်းသကဲ့သို့ လောကုတ္တရာ ကောင်းကျိုး ဖြစ်သော ဆွမ်းလောင်းလှူပွဲမှာလည်း သာဓု ခေါ်စရာ ဖြစ်ကြောာင်း လေ့လာမိသမျှ တင်ပြလိုက်ရပါ၏။
ဂန္ဓာရီ ဆြာအံ့
ရောင်ပြန်မဂ္ဂဇင်း
ဇူလိုင် ၂၀၀၉
Wednesday, May 19, 2010
သင်မကောင်းလည်း ကျွန်ုပ် ကောင်းမည်
သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ
ဆိုတော့
သင်မကောင်းလျှင် ကျွန်ုပ်ဆိုးမယ်
ဆိုတဲ့ သဘောပေါ့နော်။
ဒါဆို
အတော်ကြောက်စရာကောင်းတာပေါ့နော်
သူတော်ကောင်းဆိုတာ
သင်ကောင်းကောင်း
မကောင်းကောင်း
ကျွန်ုပ်ကတော့
ကောင်းနေရမယ်လေ။ ။
(ရွှေဥမင် ဆရာတော်ဘုရားကြီး)
ဆိုတော့
သင်မကောင်းလျှင် ကျွန်ုပ်ဆိုးမယ်
ဆိုတဲ့ သဘောပေါ့နော်။
ဒါဆို
အတော်ကြောက်စရာကောင်းတာပေါ့နော်
သူတော်ကောင်းဆိုတာ
သင်ကောင်းကောင်း
မကောင်းကောင်း
ကျွန်ုပ်ကတော့
ကောင်းနေရမယ်လေ။ ။
(ရွှေဥမင် ဆရာတော်ဘုရားကြီး)
Friday, May 14, 2010
KoNaung152
ဒီလိုရှာတွေ့တယ်... (အဓမ္မရာဂ= မသင့်လျော်သောအရပ်၌ တပ်မက်နှစ်သက်ခြင်း)
http://htunhlaing.blogspot.com/2008/11/blog-post_9409.html မှာ တော့အခုလိုရေးထားတယ်..။ မဂ်နှင့်ပတ်သက်၍လည်း သိဘို့လိုအပ်၏။ (မဂ္ဂ=မဂ်=လမ်းကြောင်း) လူတို့ခန္ဓာ ကိုယ်တွင် ကာမကျူးလွန်၍ ဖောက်ပြန်နိုင်သော လမ်းကြောင်းသုံးမျိုးရှိသည်။ ၎င်းတို့ မှာ- (၁) ၀စ္စမဂ် - ကျင်ကြီးစွန့်ရာ လမ်းကြောင်း၊ (၂) ပဿာဝမဂ် - ကျင်ငယ်စွန့်ရာ လမ်းကြောင်း၊ (၃) မုခမဂ် - စကားပြောရာလမ်းကြောင်းတို့ ဖြစ်ကြသည်။ ယင်းတို့အနက် မိန်းမတို့၏ မဂ်သုံးမျိုး၌ ယောက်ျား၏ ပဿာဝမဂ်ဖြင့် ကျူးလွန် သော်လည်းကောင်း၊ ယောက်ျားအချင်းချင်း ၀စ္စမဂ်၊ မုခမဂ်တို့၌ ကျူးလွန် သော်လည်း ကောင်း ကာမေသုမိစ္ဆာစာရကံ ထိုက်၏။ မိန်းမအချင်းချင်း၊ မဂ်တူအချင်းချင်း ထိတွေ့ ဆက်စပ်လျှင်မူ ကာမေသုမိစ္ဆာစာရကံ မဖြစ်ပါ။ ကာမေသုမိစ္ဆာစာရကံ မြောက်စေသော အင်္ဂါလေးပါရှိ၏။ ၄င်းအင်္ဂါများ မှာလည်း ယောက်ျားများအတွက်သာ ရည်ရွယ်ပေသည်။ ထို အင်္ဂါ(၄) ပါးတို့ကတော့- (၁) မသွားလာအပ်သော အဂမနီယ၀တ္ထု ဖြစ်ခြင်း၊ (၂) အဂမနီယ၀တ္ထု၌ မှိဝဲလိုစိတ်ရှိခြင်း၊ (၃) လုံ့လပြုခြင်း၊ (၄) သာယာခြင်း တို့ဖြစ်ကြ၏။ ကာမေသုမိစ္ဆာာစာရကံကျူးလွန်ခြင်းကြောင့်ရရှိသော အပြစ်(၁၁)ချက်ရှိပါသည်။ ၎င်းတို့မှာ- (၁) ကာမေသုမိစ္ဆာစာရအားကြီးသော လူသည် မလိုမုန်းထားသူ ပေါများခြင်း၊ (၂) မုန်းရုံမက ရန်သူလည်းများခြင်း၊ (၃) လာဘ်ပစ္စည်းများ ရှားပါးတိတ်ဆိတ်ခြင်း၊ (၄) ချမ်းသာမှု ကင်းဆိတ်ခြင်း၊ (၅) မိန်းမ ဖြစ်ရခြင်း၊ (၆) မိန်းမမဟုတ် ၊ ယောက်ျားမဟုတ် ပဏ္ဍုတ်ဖြစ်ရခြင်း၊ (၇) ယောက်ျားဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း၊ (၈) မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း၊ (၉) အင်္ဂါလက္ခဏာ ဣနြေ္ဒတို့ယွင်းချို့  သေးသိမ်ခြင်း၊ (၁၀) စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း၊ (၁၁) ချစ်သူနှင့် ကွေကွင်းကွဲကွာရခြင်း တို့ ဖြစ်ကြ၏။ လင်္ကာဖြင့်မှတ်ပါလေ- “မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြအများ၊ ရန်သူပွား၍၊ ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ်၏၊ ဣတ္ထိပဏ္ဍုက်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏ ဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ကအပြန် အကျိုး တည်း။” ဤ ပြဆိုခဲ့သော အပြစ်တို့သည် ၀ဋ်လိုက်သောအားဖြင့် ဖြစ်ရာဘ၀၌ ကြုံတွေ့ ရ တတ်သော အပြစ်များသာတည်း။ ထိုအပြစ်များအပြင် ငရဲ၌လည်း ဖြစ်ကြရသေး၏။ ကာမေသုမိစ္ဆာစာရကံအားကြီးသော သူဌေးသားလေးယောက်တို့၏ “လောဟကုမ္ဘီ” ခေါ်သံရည်ပူငရဲမှ “ဒု ၊ သ ၊ န ၊ သော” ဟု ဟစ်အော်ကြပုံကိုလည်း လူအများပင် ကြား ဖူးကြပါသည်ီ။ အထူးဆင်ခြင်ဖွယ်ကောင်းသော အရှင်အာနန္ဒာအလောင်း၏ ဖြစ်ပုံလည်း ရှိသေး၏။ အရှင်အာနန္ဒာအလောင်းသည် ကမ္ဘာတစ်သိန်းမျှ ပါရမီဖြည့်ပြီးနောက် ကျွတ် တမ်းဝင်တော့မည့် ဤ ကမ္ဘာမှာပင် တစ်ခုသောဘ၀၌ ရွှေပန်းတိမ်သည်သားဖြစ်၏။ ထို ဘ၀တုန်းက လူလေလူလယ်တို့နှင့် ပေါင်းမိ၍ ကာမေသုမိစ္ဆာာစာရအမှုကို ပြုလေ သည်။(လူမိုက်နှင့် ပေါင်းခြင်းကား ဤမျှလောက် အပြစ်များ၏။) ထို အကုသိုလ်ကံကြောင့် ရောရုဝငရဲ၌လည်း နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီးနောက် လွတ်မြောက်လာသောအခါ မျောက်ဖြစ်၍ ဝှေးစေ့ကိုက်ဖောက်ခံရ၏။ ထို့နောက် တစ်ဘ၀၌ နွားဖြစ်၍ သင်းကွပ်(ဝှေးစေ့အထုတ်) ခံရ၏။ ထို့နောက် မိန်းမမဟုတ်၊ ယောက်ျားမဟုတ် ပဏ္ဍုပ်ဖြစ်ရ၏။ ထို့နောက် (၅) ဘ၀မြောက်၌ အကုသိုလ်ကံ အခွင့်ရ ၍ နတ်ပြည်၌ ဖြစ်ရသော်လည်း ထိုကာမေသုမိစ္ဆာာစာရကံ နှောင့်ယှက်မှုကြောင့် နတ်သားမဖြစ်ဘဲ နတ်သမီးချည်း ငါးဘ၀လုံးလုံး ဖြစ်ရသေး၏။ ထိုဘ၀တို့နောက်၌ လူ့ပြည်မှာ ဘုရင့်သမီးဖြစ်ရပြန်၏။ ထိုဘ၀နောက်မှ ယောက်ျားဘ၀ကို ရလေည်။ ဤသို့လျှင် ကာမေသုမိစ္ဆာာစာရကံအတွက် ပါရမီရှင်ကြီးသော်မှ ငရဲကျရ၊ ဘ၀ များစွာပင် အောက်ကျနောက်ကျ ဖြစ်ရသေးသည်ကို သတိပြုလျက် တစ်သံသရာလုံးက ပါလာခဲ့သော စိတ်ဆိုး၊ ၀ါသနာဆိုးကြီးကို တရားဖြင့် စောင့်ရှောက်ကြပါကုန်။
ကျွန်တော်က ဘာသာရေးအရ ရှာဖွေဖတ်မိတာလေးတွေကို အပြုသဘောဘ၀တူတွေကြားမှာရှယ်ယာ လုပ်တာပါ...။ သိလို့ တတ်လို့မဟုတ်ပါဘူး..အမှားပါရင်ခွင့်လွှတ်ပါ။ ကျွန်တော်ကိုယ်တိုင်လဲ စာတွေဖတ်မိမှ ဘယ်လိုဆက်ပြီးနေထိုင်သွားရမလဲ မသိသေးပါဘူးဗျာ...။ လေးစားစွာဖြင့် ...

Subscribe to:
Posts (Atom)