Search This Blog

Pages

Wednesday, April 7, 2010

buddish

ဗုဒ္ဓ၀ါဒ နှင့်သူတို့ အမြင့်”
By ညနေအုပ်စိုး
ခင်မင်ရတဲ့ မိတ်ဆွေတို့ရေ ဒီတစ်ခါ တော့ မိတ်ဆွေတို့အတွက် ကမ္ဘာကပညာရှင်တွေ သူတော်စင်တွေလို့ သတ်မှတ်ခံထားရတဲ့လူ တွေက ဗုဒ္ဓ၀ါဒ အပေါ်ဘယ်လို့မြင်ကြ သလဲဆိုတာကိုရေးပေးချင်ပါတယ် .....။အလွန်ဗဟုသုတရ ဖွယ်ကောင်းလွန်းလို့ပါ။ မျှဝေခံစားနိုင်မယ်လို့ ထင်ပါတယ်......။ဒီစာမှာ ပါတဲ့အကြောင်း အရာအချက်အလက်အား လုံးဟာ စာရေးဆရာ သစ္စာရှင်မြန်မာဘာသာပြန်တဲ့ BUDDHISM IN THE EYES OF
INTELLECTUALS by Ven.Dr.K.Sri Dhammananda Thera.J.S.M;D.Lit Chief
High Priest in Malaysia & Singapore ( ဒေါက်တာအရှင်ကေ.သီရိ ဓမ္မာန္ဒ)ရဲ့ စာအုပ်ထဲက ဖြစ်ပါတယ်.....။ ကိုယ်တိုင်ရေးတော့ မဟုတ်ဘူး ဟီး......။ “ကိုင်း” စလိုက်ကြ
စို့..............................။

အချိန်ကာလများရွေ့လျားလာသော်လည်း လူတို့၏အသိဥာဏ်များ တိုးတက်လာ သော်လည်း ဗုဒ္ဓ၏ဓမ္မ(တရားတော်)များသည်ကား. အပြောင်းအလဲမရှိရှင်သန် ရပ်တည်လျက်ပင်ရှိသည်......။ (Francis Story-Buddhism As World Religion)


“ကြီးမားသောအောင်မြင်မှုရလိုက်သူ”

ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပထမဦးဆုံးဘာသြာ ပန်ဆိုသူများအနက်မှ တစ်ဦးမှာ အောင်မြင်ကျော်ကြားသည့် ခရစ်ယာန်ဓမ္မဆရာကြီးတစိဦး၏ သားဖြစ်သည်။ ထိုသူ ပြန်ဆိုရခြင်း၏ ရည်ရွယ်ချက်မှာ ခရစ်ယာန်ဘာသာသည် ဗုဒ္ဓ၀ါဒထက် သာလွန်မြင့်မြတ်ကြောင်း သက်သေထူရန်ဖြစ်သည်။သို့သော်ရည်ရွယ်ချက် မအောင်မြင်ခဲ့ရ ပေ ။အကြောင်းမူကားထိုသူဗုဒ္ဓဘာသာဝင် ဖြစ်သွားသောကြာင့်ပင်တည်း။ သူကိုယ် တိုင်ဝမ်း မြောက်စွာလက်ခံလိုက်သောဗုဒ္ဓ၏ဓမ္မများကို ထောင်ပေါင်းများစွာသော အနောက်တိုင်းသားတို့အား ဓမ္မအကြောင်းသိစေခဲ့သည့်။ ထိုသူကား ကမ္ဘာ့ဗုဒ္ဓဘာ သာပြန့်ပွားရေးအဖွဲ့၏ ဥက္ကဌဟောင်း ၇ိုက်စ် ဒေးဗိဒ်စ်(Rhys Davids) ပင်ဖြစ်ပေ တော့သည်...။ (အရှင် အေ မဟိန္ဒ-Ven.A. Mahinda,Blue Print of Happiness)

“ပါလီမန်”

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ကျော်ကာလက အိန္ဒိယနိုင်ငံရှိ ဗုဓ္ဒဘာသာဝင်များ ကျင့်သုံးခဲ့ကြသည့် “စုဝေးညှိနျှုင်းမှု”ပုံစံ သည် ယနေ့ကာလ ပါလီမန် စနစ်၏မူလအ ခြေ ခံဖြစ်နေကြောင်း တွေ့ရှိရသည်ဟုဆိုပါလျှင် များစွာသောသူတို့အား အံ့အားသင့်စေပေလိမ့်မည်...။ (ဇက်သ်လင်းမြို့စား Marquess of Zetland, Legancy of India)

“စကြာဝဠာဆိုင်ရာဘာသာတရား”

အနာဂတ်တွင် ထွန်းတောက်လာမည့် ကိုးကွယ်ရာဘာသာသည် စကြ၀ဠာနှင့် ဆိုင်သော ဘာသာတရာ( cosmic reluigion) ဖြစ်ပေလိမ့်မည်။ ထိုဘာသာတရားသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘုရားသခင် အစွကြိုကျော်လွန်လျက် တရားသေ၀ါဒ(dogma) အစွဲနှင့် ဘာသာရေးဆိုင်ရာပညာ(Thelogy) အစွဲများကိုရှောင်၇ှားရပေမည်။ ညီညွတ်အ ဓိပ္ပါယ်ရှိသည့်သဘာဝတရားနှင့် နာမ်တရားဆိုင်ရာအတွေ့အကြုံ များပေါ်တွင် အခြေခံသော ဘာသာရေးအသိစိတ်ဖြစ်ရပေမည်။ ဗုဓ္ဓ၀ါဒက ထိုအဖြစ်ထိုအခြေအနေ များကိုဖြည့်စွမ်းပေးလေသည်.......။ (သိပ္ပံပညာရှင် အယ်လ်ဘတ် အိုင်းစတိုင်း)

“လူသားထုအတွက်ဘာသာတရား”

ဗုဒ္ဓ၀ါဒ သည်နေနှင့်လ ရှိနေသမျှကမ္ဘာပေါ်တွင်လူရှိနေသမျှကာလပတ်လုံး တည်ရှိသွားမည့်ဘာသာတရားဖြစ်သည် အကြောင်းမူဗုဒ္ဓ၀ါဒသည် လူသားထု တစ်ရပ် လုံးကိုးကွယ်အပ်သော ဘာသာတရဂားဖြစ်သောကြောင့်ပင်တည်း....။ (သီရိလင်္ကနိုင်ငံ ၀န်ကြီးချုပ် ဘန္ဒာရာနိုက်ကေး)

“့စာနာတရားအရှိဆုံးစနစ်”

ဘ၀ကိုတည်ဆောက်ရာ၌ အမိန့်အရမဟုတ်ဘဲ ကိုယ်ကျင့်တရားနှင့်အညီ ထူထောင်ရန် ဗုဒ္ဓ၀ါဒကသွန်သင်ဆုံးမသည်။ ထိုသို့ဖြင့်ဗုဒ္ဓ၀ါဒသည် သည်းခံနိုင် စွမ်းရှိသော ကိုးကွယ်ရာဘာသာဖြစ်လာသည်. လောကကြီးတွင်ဗုဒ္ဓ၀ါဒသည် စာနာ တရား အရှိဆုံးစနစ်ဖြစ်သည်......။ (အရှင် ဂျိုးဇက်ဖ်ဝန်း-Rev Josep Wain)

“ကျေးဇူးတရား”

ဗုဒ္ဓ၏အဆုံးအမများသည် ဟိန္ဒူဝါဒတွင် တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်အကျုးဝင်နေသည်ဟုကျွနုပ်ဆင်ခြင်ယူဆမိသည် ။အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဝါဒအပေါ် ဂေါ်တမဗုဒ္ဓက မည်ကဲ့သနို့ကြီးမားစွာပြောင်းလဲစေခဲ့သည်ကို မည်သို့မျှ ပြန်လည် စူးစမ်းရှာဖွေရန် မဖြစ်နိုင်တော့ချေ။ဗုဒ္ဓ၏စွန့်လွှတ်မှု ပကတိသန့်စင်သည့် ဘ၀တို့သည် ဟိန္ဒုဝါဒတွင် မေ့ပျောက်၍ မရနိုင်အောင် စွဲထင်ကျန်နေမည်သာဖြစ်သည်။ ထိုသို့ဖြင့် ဟိန္ဒူဝါဒသည် ဆရာတစ်ဆူဖြစ်တော်မူသော ဗုဒ္ဓအပေါ် အဆုံးအစမရှိကျေးဇူးတရား များတင်ရှိနေပေတော့၏.......။(အိန္ဒိယအမျိုးသားခေါင်းဆောင် မဟတ္တမဂန္ဒီ)

“ဗုဒ္ဓသည်လမ်း”

စကြာမုနိအား လူတို့နှင်အနီူးကပ်ဆုံးလက္ခဏာရှိသူအဖြစ်လည်းကောင်း ၊လူတို့အားထိရောက်စွာ အကျိုးပြုမည်သူအဖြစ်လည်းကောင်း၊ လူတို့လျောက် လှမ်းရ မည့် လမ်း(way) အဖြစ်လည်းကောင်း၊ လူတို့အတွံက် အမှန်တရား(truth) အဖြစ် လည်းကောင်း ၊ လူတို့၏ဘ၀(life)အဖြစ်လည်းကောင်း ကျွနုပ်သည် ပို၍ ပို၍ခံစားမိပေသည်....။ (ဂိုဏ်းအုပ် မိလ်မင်-Bishop Milman)

“လူသားအားလုံးအတွက်မြတ်ဗုဒ္ဓ”

ဗုဒ္ဓသည်ဗုဒ္ဓဘာသာဝင်အားလုံးအတွက်သာမဟုတ်ပါ။ ဗုဒ္ဓ၏သွန်သင်ဆုံးမမှု များသည် လူသားအားလုံနှင့် သက်ဆိုင်ပေသည် ။ ဗုဒ္ဓမြတ်စွာပွင့်တော်မူပြီးနောက် ပေါ်ပေါက်လာသော ဘာသာတိုင်း၏ကောင်းမွန်သော အချက် များစွာသည် ဗုဒ္ဓထံမှရယူခဲ့ချြင်းဖြစ်ပေသည်...။(မွတ်ဆလင်ပညာရှင်တစ်ဦး)

“ဒီမိုကရေစီ”

ဗုဒ္ဓ၀ါဒသည် ဒီမိုကရေစီလှုပ်ရှားမှုဖြစ်ပြီး ဘာသာရေးတွင်လည်းကောင်း၊ လူ့အဖွဲ့အစည်းတွင်လည်းကောင်း ၊နိုင်ငံရေးတွင်လည်းကောင်း ဒီမုကရေစီကို ထိန်းသိမ်းကျင့်သုံးခြင်း ဖြစ်သည်....။ (ေဒါကတာ အမ္မ္ဘက္ကာ)

(ကဲဒီနေ့တော့ဒီလောက်ပါပဲကျန်တာလေးတွေကိုနောက်နေ့

မှဆက်ရေးပေး တော့မယ် ပရိတ်သတ်တို့ရေ)

No comments: